English
German
Thai
Tamil
Spanish
Karen
Burmesisch

အမှန်အတိုင်းဖြစ်ပါစေ အကြမ်းမဖက်ပါနှင့်

ငြိမ်းချမ်းရေး လက်စွဲ၊ ကာတွန်း (အေ)

ပါပွီး၊ နဂါးလေးနှင့် တစုံတရာ၏ စွန့်စားခန်းများ။

ဤကာတွန်းရုပ်ပြက ပါပွီး၊ နဂါးလေးနှင့် တစုံတရာ ဆိုသောသူငယ်ချင်းသုံးဦးတို့သည် မည်ကဲ့သို့ ငြိမ်းချမ်းသော ကမ္ဘာကြီးဖြစ်ရန် အကြံပြုထားသည့် ဇာတ်လမ်းဖြစ်သည်။ ကမ္ဘာတခွင်ကို အတူတကွ ပျံသန်းပြီး ငြိမ်းချမ်းစွာ နေထိုင်ရမည့်နေရာတခု ရှာဖွေကြသည်။ သို့သော် နေရာတိုင်းတွင် ပြဿနာနှင့် အကြမ်းဖက်မှုများသာရှိနေသည်။ ပိုမိုကောင်းမွန်သော ကမ္ဘာတခုကို မျှော်လင့်ရင်း ငြိမ်းချမ်းစွာ မည်သို့ပြုမူရမည်ကို လေ့လာသင်ယူခဲ့ကြသည်။ အခြေအနေတိုင်းတွင် သုံးဦးသားသည် အခက်အခဲများကို ကျော်လွှားပြီး ၎င်းတို့၏ပြဿနာများကို အကြမ်းမဖက်နည်းဖြင့် ကြိုးပမ်းဖြေရှင်း ကြရသည်။ စိတ်ဝင်စားဖွယ် ရုပ်ပုံများ၏ ပံ့ပိုးမှုအားဖြင့် ပြဿနာများကို အကြမ်းမဖက်ဘဲ ဖြေရှင်းရန် ကလေးများကောင်းစွာနားလည်သဘောပေါက်မည်ဖြစ်သည်။

သင်ခန်းစာ ၂၁ ခန်း၊ စာ ၁၆၈ မျက်နှာ ရယူပါ

 

သို့သော် ပါပွီးတွင် အခက်အခဲတခုရှိသည်။ သူ့မိဘများမှာအမြဲတမ်းခိုက်ရန်ဖြစ်ပွားခြင်းကြောင့် သူ အင်မတန်စိတ်ထိခိုက်ရသည်။ နဂါးလေး၊ တစုံတရာနှင့်အတူ ၎င်းတို့ ကမ္ဘာတခွင် အတူတကွ ပျံသန်းပြီး ငြိမ်းချမ်းစွာနေထိုင်နိုင်သော နေရာတခုကိုရှာဖွေကြသည်။