English
German
Thai
Tamil
Spanish
Portugiesisch
Karen
Burmesisch

အမှန်အတိုင်းဖြစ်ပါစေ အကြမ်းမဖက်ပါနှင့်

အရွယ်ရောက်သူတို့အတွက်လက်စွဲ - ဆရာများ၊ လူမှုဝန်ထမ်းများနှင့် မိဘများ

ဖိုင်တွင် လူမှုပြဿနာရပ်များနှင့် ဆက်ဆံရမည့် အခြေခံအယူအဆများပါရှိသော စာအုပ်ပါဝင်သည်။ ဥပမာအားဖြင့် - အကြမ်းဖက်ခြင်း ဆိုသည်မှာအဘယ်နည်း၊ ပြဿနာကို မြင့်တက်လာစေသည့် အဆင့်များ။ အသိပညာအခြေခံကို တိုးပွားစေသော - ဒေါသနှင့် အပေးအယူပြုလုပ်ခြင်း၊ စာနာမှုနှင့် စိတ်လိုက်မာန်ပါဆောင်ရွက်မှုကိုထိန်းချုပ်ခြင်း။ ကလေးသူငယ်အခွင့်အရေးများ။

 

သင်ခန်းစာ ၁၁ ခန်း၊ စာ ၆၄ မျက်နှာ ရယူပါ

 

ကမ္ဘာ့ကုလသမဂ္ဂ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာစာချုပ် - အပိုဒ် ၁၉ (အကြမ်းဖက်မှု၊ အနိုင်ကျင့်မှုနှင့် လျစ်လျူရှုခြင်းမှ ကာကွယ်ပေးခြင်း) - ကလေးများ၏ ရုပ်ပိုင်းဆိုင်ရာ (သို့မဟုတ်) စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု ပုံစံအားလုံး၊ ထိခိုက်နာကျင်စေခြင်း (သို့မဟုတ်) စော်ကားခံရခြင်း၊ လျစ်လျူရှုခြင်း (သို့မဟုတ်) ပေါ့ဆသောစောင့်ရှောက်မှု၊ နှိပ်စက်ညှဉ်းပန်းခြင်း (သို့မဟုတ်) အနိုင်ကျင့် ခေါင်းပုံဖြတ်မှု တို့မှအကာအကွယ်ပေးရန်အတွက် နိုင်ငံတော်အဖွဲ့အစည်းများက သင့်လျော်သော ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ လူမှုရေးနှင့် ပညာရေးများအားလုံးကို လုပ်ဆောင်သင့်သည်။